ဇာတ်လမ်းကအရှင်းကြီးပဲ


နှာခေါင်းကသွေးထွက်

ကောင်မလေးကငိုမဲ့မဲ့

မင်းသားကနှစ်သိမ့်လျက်

ကဲဘာဆက်ဖြစ်မလဲ။

အမေကြီးကနှလုံးရောဂါ

ဝေဒနာကမသက်သာ

သူတို့နှစ်ယောက်သိပ်ချစ်တာ

ကဲဘာဆက်ဖြစ်မလဲ။

သေနတ်သံတွေတညံညံ

မင်းသားကလက်စွမ်းထန်

ကောင်မလေးကအဖမ်းခံ

သူ့ကိုကယ်ဖို့ကြိုးစားပြန်

ကဲဘာဆက်ဖြစ်မလဲ။

တောအရပ်မှာမွေးတာမှန်

မြို့ကိုမှအထင်ကြီးပြန်

မြို့ရောက်တော့သိပ်မဟန်

ကဲဘာဆက်ဖြစ်မလဲ။

ဇာတ်လမ်းကအရှင်းကြီးပဲ

ခင်ဗျားနားမလည်သေးဘူးလား

နှစ်ထောင်ပဲပြောပြော

တစ်ဆယ်ပဲပြောပြော

စားလောက်သောက်လောက်မရှိဘူး

ခင်ဗျားနားမလည်သေးဘူးလား

အစိမ်းပဲရင့်ရင့်

အစိမ်းပဲနုနု

မျောက်ဇာတ်ကမျောက်ဇာတ်ပဲ

ခင်ဗျားနားမလည်သေးဘူးလား

ဆွမ်းစားကျောင်းကအော်အော်

သင်္ချိုင်းကအော်အော်

အူသံကအူသံပဲ

မစင်နဲ့ရွှေခွက် ခင်ဗျားအသံမထွက်ရင်တောင်

သစ္စာတရားက ငယ်သံပါရော့မယ်

ဝမ်းအချခံချင်သူတွေနဲ့

ပျားရည်အတုများ

ခင်ဗျားနားမလည်သေးဘူးလား

ဇာတ်လမ်းကအရှင်းကြီးပဲ

ကဲဘာဆက်လုပ်မလဲ။

ဇွန်မိုးသစ်

0 comments:

Post a Comment