တာလီချိုးထားတဲ့ စီးကရက်များ



နံရံတစ်ချပ်ကြားက

စကားပြောသံအချို့မှာ

တစ်ကိုယ်စာတောင်နေစရာမရှိချင်ဘူး

စားပွဲစွန်းနဲ့ နာနာတောက်လိုက်တယ်

စက္ကူညှော်နံ့ များက ဗလုံးဗထွေး

မီးခိုးဖြစ်ခဲ့ ရတဲ့ ဘ၀တွေမှာတောင်

ဂုဏ်သိက္ခာတစ်ခုကြောင့်

အတော်အတန် ကျစ်လျစ်သင့် ရဲ့

လာပါစေကွယ်

သမားတွေလည်းအိုမှ

မိန်းမတွေလည်းပျိုမှ

အတိုအစတွေရဲ့ ဆက်ကြောင်းမှာ

ချစ်ခြင်းမေတ္တာအတွက် သ၀ဏ်လွှာပါ,ပါတယ်။

နေရင်းထိုင်ရင်းဖွာထုတ်ပစ်လိုက်

ဗာဂျီနီးယားတွေရဲ့ အသုဘဖိတ်စာဟာ

နီကိုတင်းတွေရဲ့ ရင့် ကျက်မှုပဲဖြစ်တယ်

မဆီမဆိုင်

အဆုတ်နာ။ ။

ဇွန်မိုးသစ်

0 comments:

Post a Comment