ဖီးနစ်ငှက်ရဲ့အလွမ်း



မင်းနဲ့တွေ့မှ

ရင်ထဲက အိပ်မောကျနေတဲ့

ဖီးနစ်ငှက်ရဲ့ တောင်ပံနှစ်ဖက်

တဖျပ်ဖျပ်ခတ်သံ ကြားတယ်

ရွှမ်းပတဲ့ လရောင်အကြည့်လေးနဲ့အတူ

ငါ့ရဲ့ ဖီးနစ်ငှက်ကလေးက

သံစဉ်လှလှတွေဖန်ဆင်း

သီချင်းလေးတွေဆိုညည်းတယ်

ပြီးတော့

နရီဆန်ဆန်အပြုံးတွေက

ငါ့ငှက်ကလေး ပြေးမထွက်အောင်

နှောင်ကြိုးတွေ အထပ်ထပ်ပတ်

ကဗျာလေးတွေ ရေးတတ်စေတယ်

သီချင်းတွေဆို

ကဗျာတွေညည်း

အိပ်မက်ကလေးမပြီးခင်

မင်းရဲ့လက်တွေက

စုတ်ချက်တစ်ဝက်တစ်ပျက်တွေနဲ့

အလင်းအမှောင် အရောင်တွေရောစပ်

ဘောင်လေးဘက်ခတ်ပြီး

စိတ္တဇ ပန်းချီကားတချပ်နဲ့

လွမ်းတတ်အောင် ထားခဲ့ပေါ့


ညီရဲ
(၃ လပိုင်း သရဖူ မဂ္ဂဇင်း ၁၉၉၉)




2 comments:

ညီရဲ said...
This comment has been removed by the author.
Anonymous said...

Hey ako

please try your site to be enable to read in burmse in any computer..... I still cannot read it at my work...

Ngashote

Post a Comment