ကြီးကောင်ကြီးမားကျမှ
ရေးလက်စ
တွေးလက်စ
ပြောလက်စတွေကို
စာရင်းချကြည့်တော့
အမယ်မယ်
နှစ်ဆယ်နှစ် နှစ်ဆယ်မိုးတောင်မကတော့ဘူး။
ဒိုင်းကိုယူမှာလား
ဓားကိုယူမှာလား
တစ်ခုပဲရမယ်
အဓမ္မကိုယူမှာလား
ဓမ္မကိုယူမှာလား
တစ်ခုပဲရမယ်
သစ္စာတရားဟာငါတို့အိမ်ရာ
ယုံကြည်ချက်က ကမ္ဘာ။
ဆယ်ကျော်သက်တွေအရွယ်ရောက်တာ
သူ့ ကိစ္စ
အဲဒါနေပျော်တဲ့ကိစ္စ
သားသတ်သမားရဲ့ သွေးကိုမြင်တာ

ငါ့ကိစ္စ
အဲဒါသေပျော်တဲ့ကိစ္စ။
သူငယ်ချင်းများ...
မိုးဆီကိုပြေးရင်မြေနဲ့ဝေးတတ်ရဲ
မိုးကိုပဲလှမ်းလှမ်း
မြေကိုပဲထမ်းထမ်း
လေးလေးပင်ပင်။ ။
1 comments:
ကျွန်တော်လာသွားတယ်နော်
Post a Comment