ချစ်ခြင်းနဲ့မျက်နှာချင်းဆိုင်


ကွန်ပြူရှေ့မှာထိုင်ပါ

နိုင်ငံတကာ လျှောက်လည်ပါ

အိမ်ခန်းရှေ့ဝရံတာမှာ

ချစ်သူအလာကို စောင့်နေပါ့မယ်...။

ပလာဇာ သွားပါ

ကစားကွင်းတွေလျှောက်လည်ပါ

အဲဒီအ၀င်အထွက်ပေါက်တွေမှာ

ခပ်ရို့ရို့ရပ်ပြီး

ချစ်သူ့အလာကိုစောင့်ရှောက်ပါ့မယ်....။

နေကာမှန်တွေ ပိတ်ပါ

လိုက်ကာကို ဆွဲစေ့ပါ

ပြီးရင် ချစ်သူ ထိုင်နေပါ

မမြင်ရခြင်း တံတိုင်းနှစ်ထပ်ဖောက်ပြီး

တိုးယိုပေါက် ကြည့်နေပါ့မယ်....။

လေအေးပေးစက် ဖွင့်ပါ

လိပ်ပြာတံခါး ပိတ်၍အိပ်စက်ပါ

လေညင်းအေးနှင့် လရာင်လှုံ၍

ဝမ်းနည်းခြင်းအား ကြည်မွေ့စွာ

ချစ်သူအကြောင်း စာလုံးပေါင်းပါ့မယ်....။

အချစ်သည်

အိပ်မက်……ကဗျာ…..ပကာသန

ဘ၀ …..သက်ပြင်း ….မျက်စောင်း

လွမ်းစရာအလွန်ကောင်းပါသည်။

0 comments:

Post a Comment