ပန်းကလေး

အပိုင်း (၂)



လှလိုက်တဲ့ ပန်းပင်လေးတစ်ပင်ပါလား ။ အရွက်လေးတွေက စိမ်းစိမ်းစိုလို ။ ပန်းပင်တွေထဲမှာ
မေမေမတွေ့ဖူးတဲ့ ပန်းပင်တစ်မျိုးပဲ ။ ရိုးတံနဲ့ အရွက်တွေကိုက ထူးခြားပြီး စွဲဆောင်မှုရှိတယ် ။ ထူးခြားတာက ဒီပန်းပင်ကလေးမှာ ပန်းပွင့်လေးတွေမပါဘူးလေ ။ ပန်းလေးတွေ မပွင့်သေးတာလည်း ဖြစ်မှာပေါ့ ။ သားလေးက အပင်ကိုပဲ အဓိကထားပြီးရေးဆွဲတယ် ထင်ပါရဲ့။ ဒါဟာ သားစိတ်ကူးထဲကရေးဆွဲထားတဲ့ အပင်ပဲလား ။ အပြင်မှာရော တကယ်ရှိနိုင်ရဲ့လား။ သားကဘာဖြစ်လို့ ဒီလောက်စွဲလမ်းပြီး တမ်းတ ရေရွတ်နေရတာလဲ ။ မေမေမှာမေးခွန်းတွေ တစ်ခုပြီးတစ်ခုဝင်လာခဲ့တယ် ။ ပန်းကလေးတွေပွင့်နေတယ် ဆိုတာ ဒီအပင်လေးကို ရည်ညွန်းတာဖြစ်မယ်လို့ မေမေထင်မိတာ ။ မေမေ ပန်းချီကားရှေ့မှာ အတော်ကြာအောင် ရပ်နေမိတယ် ။ ပန်းချီကားထဲက ပန်းပင်ကလေး အတော့်ကိုဆွဲဆောင်မှုရှိတာပါ ။ မေမေပန်းချီကားကိုကြည့်ရင်း ဒီပန်းပင်လေးဟာ အပြင်မှာ တကယ်ရှိနေသလားလှို့ တွေးမိတယ် ။ ရှိတယ်ဆိုရင် သားလေးရေရွတ်သလိုပဲ ပန်းပင်ကလေးက ပန်းကလေးတွေများ ပွင့်နေပြီလားပေါ့ ။ မေမေ ဆုံးဖြတ်ချက်ချလိုက်တယ် ။ အဲဒီပန်းပင်ကလေးကို လိုက်ရှာချင်တယ် ။ ဒါဆို ဘယ်ကစရှာရမှာလဲ ။ သားလေး သွားတတ်တဲ့နေရာ တစ်ခုခုမှာ ရှိနိုင်မလား ။ ဒီလိုနဲ့မေမေ တစ်ယောက် အပြင်ကိုထွက်လာပြီးသူတို့မြို့ကလေးရဲ့ ပန်းခြံတွေ ၊ ဥယျာဉ်တွေထဲ လှည့်ပတ်ပြီး ပန်းချီကားထဲက ပန်းပင်မျိုးကိုလိုက်ရှာမိတယ် ။ နေသာကုန်သွားတယ် တူတာလေးတောင် မတွေ့ပါဘူး။ ..မေမေလည်း စိတ်ပျက်စွာနဲ့ပဲ..အင်း.... ဒီပန်းပင်မျိုးက အပြင်မှာ တကယ်မရှိလောက်ဘူး ထင်ပါတယ်လို့ တွေးမိတာပေါ့ ။
                                    အဲဒါနဲ့ မေမေက ဥယျာဉ်လေးတစ်ခုကို ကျော်အဖြတ်ပြီး လမ်းလျှောက်အလာ
ထောင်ချိုးလေးတစ်ခုဆီကို ရောက်သွားခဲ့တယ် ။ အဲဒီထောင့်ချိုးအကွေ့မှာ ရုတ်တရက်တွေ့လိုက်ရတဲ့ အရာက မေမေ့ကို အတော်လေး အံအားသင့် သွားစေတာပေါ့ ။ မေမေ အရမ်းဝမ်းသာသွားခဲ့တယ် ။ ပန်းချီကားထဲက ပန်းပင်လေး။ အဲဒီထက်ထူးခြားတာက ပန်းပင်ကလေးမှာ ပန်းကလေးတွေပွင့်လို့ ။ တစ်ပွင့်ခြင်း သီးခြားဆီ ပွင့်တာမျိုးမဟုတ်ပဲ အဆုပ်လိုက်ဆုပ်လိုက်ပွင့်နေတာ။ ပန်းပွင့်လေးတွေရဲ့ အရောင်က ခရမ်းနုရောင်ဖျော့ဖျော့လေး မေမေ အဲဒီပန်းပင်လေးအနား ကပ်သွားမိတယ် ။ အိုပန်းရနံ့လေးက သင်းသင်းလေးပါလား ။ ဒီရနံ့မျိုးကို မေမေ တစ်ခါမှ မရခဲ့ဖူးဘူး ။ ဒီပန်းပင်လေးက ပန်းအိုးလေးတစ်လုံးထဲမှာ စိုက်ထားတာဆိုတော့ ပိုင်ရှင်တော့ ရှိနေမှာပေါ့ ။ ဘေးဘီဝဲ ယာကို  ကြည့်လိုက်မိတယ် ။ ပန်းအိုးကလေးရဲ့ အနောက်မှာ ပုံနရိတ်ပင်လေးတွေနဲ့ ကာထားတဲ့ခြံစည်းရိုးလေး ရှိတယ် ။ ပန်းအိုလေးနဲ့အတူ အခြားပန်းအိုး လေးငါးခြောက်လုံးလောက်တော့ ရှိအုံးမယ် ။ ဒီပန်းပင်မျိုးတော့မဟုတ်ဘူး ။ စည်းရိုးလေးကို ကျော်ကြည့် လိုက်တော့ အထဲမှာ တိုက်ပုလေးတစ်လုံးရှိတယ် ။ လူတွေတော့ရှိမှာပေါ့ ။ ဒါနဲ့မေမေတံခါးဘက်ကို လျှောက်သွားမိတယ် ။
အထဲကိုလှမ်းကြည့်လိုက်တော့ လူရိပ်လူယောင်ရယ်တော့မတွေရဘူး  ။ တံခါးမှာ ကြိုးကလေးတစ်ခု
တွဲလောင်းချထားတာတွေ့လို့ မေမေ ကြိုးကလေးကို လှုပ်ဆွဲလိုက်တယ် ။ သာယာတဲ့ ခေါင်းလောင်းသံ လေးတွေက တစ်အိမ်လုံးအနှံ့ လှုပ်ခတ်သွားတယ် ။ တိုက်ပုလေးရဲ့တံခါးတစ်ချပ်ပွင့်လာခဲ့ပြီး အထဲက အဘွားအိုတစ်ဦး ထွက်လာခဲ့တယ် ။ ဘာကိတ်စရှိလို့လဲလို့ မေးလိုက်တဲ့ အဘွားရဲ့မေးခွန်းဟာ ကြည်လင်အေးချမ်း နေပါတယ်။ မေမေက သူမကိုယ်သူမ မိတ်ဆက်ရင်း အကျိုးအကြောင်း ပြောပြလိုက်တယ် ။ အဘွားအိုက ကြည်လင်တဲ့အပြုံးလေးနဲ့ အော်ပန်းပင်လေးတောင် ပွင့်နေပြီလား ။ အဖွားလည်းသတိမထားလိုက်မိဘူး ။ ဒီပန်းကလေးဟာအဖွားရဲ့ မြေးကလေးစိုက်ထာ:တာ လို့ပြောတယ် ။ မေမေက အဲဒီပန်းပွင့်လေး တစ်ခိုင်လောက်လိုချင်ကြောင်းနဲ့ သားလေးကို ပေးချင်ကြောင်း၊ ဖြစ်နိုင်ရင် ရောင်းချပေးစေလိုကြောင်း ပြောတာပေါ့ ။ အဘွားကလည်း ဒီပန်းကလေးကို အဘွားမပိုင်ဘူး ။ မြေးကလေး ပိုင်တာဆိုတော့ မြေးကလေးကို မေးပေးမယ်လို့ပြောပြီး အထဲကို ၀င်သွားခဲ့တယ် ။ ခဏနေတော့ အဘွားအိုပြန်ထွက်လာပြီး ပြုံးရွှင်တဲ့မျက်နှာနဲ့ သမီးလိုသလောက် ခူးသွားနိုင်ပါတယ်တဲ့ ။ မေမေအရမ်းပျော်သွားတာပေါ့ ။ ကျေးဇူးတင်လိုက်တာအဘွားရယ် ။ အဘွားရဲ့မြေးကလေးကိုလည်း ကျေးဇူးတင်စကား ပြောချင်လိုက်တာလို့ မေမေက အဘွားကိုပြန်ပြောက်လိုက်တယ် ။ အဘွားက ရပါတယ်သမီးရယ် ။ တကယ်လိုအပ်ပြီး တန်ဖိုးထားတာကို ပေးရတာ အဘွားတို့လည်း ကြည်နူးရပါတယ် ။ ဒီပန်းလေးက နောင်သုံးနှစ်လောက်ကျရင်လည်း ပွင့်လာအုံးမှာပဲလေ ။ အို နောင်သုံးနှစ်မှပွင့်မှာလား ။ သူက သုံးနှစ်မှ တစ်ခါပဲပွင့်တဲ့ပန်းလား ။ မေမေအံ့သြတကြီးဖြစ်သွားတယ် ။
သူ့ဘ၀မှာ တစ်ခါမှ မကြားဖူးဘူး ။ ရာသီချိန်အရ ပွင့်တဲ့ပန်းမျိုးတွေပဲ ကြားဖူးခဲ့တာလေ ။
ဟုတ်တယ်သမီးရဲ့ ။ ဒီပန်းမျိုးလေးကို မြေးလေးကသုတေသနပြုပြီး မာစတာဘွဲ့ ယူခဲ့တာလေ ။ ဒီပန်းပင်လေးက ထူးထူးဆန်းဆန်းရယ် ။ ဒီနှစ်မှာပွင့်တဲ့ပန်းနဲ့ နောင် သုံးနှစ်ကျရင်ပွင့်မယ့် ပန်းကလည်း အရောင်မတူဘူး သမီးရဲ့ ။ အလို အတော့်ကို ထူးဆန်းတာပဲနော် ။ ဒါကြောင့်လည်း သားလေးက စွဲလန်းနေတာထင်ပါရဲ့။ ကျွန်မတောင်အတော်လေး စိတ်ဝင်စားလာပြီ ။ ဒါနဲ့ အဘွားရဲ့မြေးကလေးကို ကျေးဇူးစကားဆိုခွင့်ရမလားဟင် ။ အင်း အဲဒါတော့ အခုမဖြစ်နိုင်သေးဘူး သမီးရဲ့ ။ မြေးကလေးက အထဲမှာ သူ့တပည့်လေးတစ်ယောက်ကို စာသင်ပေးနေလို့ ။ ကိစ္စမရှိပါဘူး သမီးရယ် ။ အဘွား ပြောပြလိုက်ပါ့မယ် ။ ဒါဆိုလည်း ကျေးဇူးပါနော် အဘွား ။ ကျွန်မ ပန်းကလေးတွေ အများကြီးမခူးပါဘူး ။ တစ်ခိုင်လောက်ပဲ ခူးသွားပါ့မယ် လိုသလောက် ခူးနိုင်ပါတယ်သမီး ။ အဲဒီပန်းပင်လေးတွေ အဘွားတို့အိမ်နောက်ဘက် ပန်းခြံလေးထဲမှာမြေးကလေး စိုက်ထားတာ အများကြီးရှိပါသေးတယ် အော်ဒါကြောင့်စိတ်ထဲမယ် ဒီလောက်ထူးဆန်းတဲ့အပင်လေ:ကို ဘာကြောင့်များအိမ်ရှေ့မှာ စိုက်ထား ရတာလည်း တွေးမိနေတာ နောက်ဘက်မှာလည်းပန်းခြံလေးရှိသေးတာကိုး ။ ဒါဆို ခွင့်ပြုပါဦးနော် အဘွား ။ မေမေက ခြံအပြင်ကို ထွက်လာပြီး ပန်းပင်ကလေးဆီက ပန်းခိုင်လေးနှစ်ခိုင် ခူးလိုက်တယ် ပြီးတော့ အိမ်ကိုပြန်ခဲ့တာပေါ့ ။ မေမေအိမ်ပြန်ရောက်တဲ့အခါမှာ သားကလေးက နှစ်ချိုက်စွာအိပ်မောကျနေတယ် ။ သားလေးရဲ့မျက်နှာလေးကို ငေးကြည့်နေရင်းနဲ့ မေမေစဉ်းစားမိတယ် ။ သားကလေးနိုးလာတဲ့အခါ ဒီပန်းပွင့်ကလေးကို သားလေကို ဘယ်လိုပုံစံနဲ့ ပြရမလဲပေါ့ ။

.............မေမေအကြံတစ်ခုရခဲ့တယ် ။ ................

×××××××××××××××


ကောင်လေး နှစ်ချိုက်စွာ အိပ်ပျော်နေရင်းမှ နိုးထားလာတယ် ။ မျက်လုံးနှစ်လုံးကို အသာအယာ ဖွင့်လိုက်တော့ မျက်နှာကျက်ကိုေ၀၀ါးစွာမြင်လိုက်ရတယ်။ ခဏနေတော့ ကြည်လင်လာပါတယ် ။ နောက်ပြီးထူးဆန်းတဲ့ရနံ့တမျိုးကိုလည်းရခဲ့တယ်။ ပြီးတော့ခေါင်းကို အသာငဲ့စောင်းလိုက်တယ်အခါ ရုတ်တရက်မင်သက်သွားမိတယ်    ။      သူ့ဆွဲလက်ဆ ပန်းချီးကားချက်က သူ့နဘေးနားရောက်နေတယ် ။
ပြီးတော့ပန်းချီကားချပ်ရဲ့ရှေ့မှာ ပန်းပွင့်လေးတွေကို ပန်းအိုးကလေးထဲထိုးထားလို့ ။ လှလိုက်တဲ့ ပန်းကလေးတွေ။ ပန်းချီကားထဲက ပန်းပင်လေးက ပွင့်လာတာမဟုတ်လောက်မှန်းတော့ သိပါတယ် ။ဒီပန်းတွေ ဘယ်လိုများ ရောက်လာတာလဲ ။ မေမေ .. .မေမေ ..... ...................မေမေရေ.ကောင်လေးလှမ်းခေါ်လိုက်တော့ မေမေအခန်းထဲကို ပြေးဝင်လာတယ် ။ သား ဘာဖြစ်လို့လဲသား။ ဒီပန်းချီကားနဲ့ ဒီပန်းပွင့်လေးတွေကို မေမေထားထားတာလား ။ ဟုတ်တယ် လေသားရဲ့ ။သားထင်သလိုပဲ ဟောဒီပန်းပင်လေးက အပြင်မှာ တကယ်ပွင့်နေပြီသားရဲ့ ။ .....ဟုတ်လား .. သားက အံသြစွာနဲ့ မေးလိုက်တယ် ။ မေမေ အဲဒီပန်းပင်လေးကို အပြင်မှာ တွေ့ခဲ့တယ်ပေါ့ ။ အင်းပေါ့ သားရဲ့ ။ သား အရမ်းဖျားနေတုန်းက သားယောင်နေတယ်လေ ။
ပန်းကလေးပွင့်နေပြီလား ဆိုပြီး ။ အဲဒါနဲ့ မေမေလည်း စဉ်းစားမိရာက သားအခန်းထဲဝင်သွားတော့
သားဆွဲလက်စ ပန်းချီကားကိုတွေ့ခဲ့ရတယ် ။သား ယောင်ရမ်းနေတာ ဒီပန်းချီကားထဲက ပန်းပင်လေးနဲ့ ဆက်စပ်မှုရှိလောက်မယ်ထင်လို့ မေမေ မြို့အနှံ့လိုက်ရှာရင်းက ဒီပန်းပင်ကလေးကို တွေ့ခဲ့တာပဲ ။ ဒီပန်းပင်ကလေးက အရမ်းထူးဆန်းတာပဲ သားရယ် ။ဒီပန်းပင်လေးအကြောင်းကို သားသိလား ။ သေသေချာချာမသိဘူးမေမေ ။ သူ့အရွက်ကလေး တွေက တခြားပန်းပင်တွေနဲ့မတူတာရော ၊ ပန်းပင်ကလေးကို တွေ့တော့ သားစိတ်တွေဘယ်လို ဖြစ်သွားလဲ မသိဘူး ။ စွဲလန်းသွားမိတယ် ။အဲဒါနဲ့ ဒီပန်းပင်ကလေးကို မကြာခဏသွားသွားကြည့်မိတယ်။နောက်တော့ သားပိုင်ဆိုင်ချင်လာတယ် ။ ဒီအတိုင်းမပိုင်ရရင်တောင် ပန်းချီကားဆွဲမယ်ဆိုပြီး သားပန်းချီဆွဲဖြစ်တာ မေမေရ ။ မေမေက ပြုံးလိုက်ပြီး ငါ့သားကလည်း ထူးထူးဆန်းဆန်း ပန်းပင်ကလေး ကလည်း ထူးထူးဆန်းဆန်းရယ် ။ ဒီပန်းကလေးရဲ့ ထူးခြားချက်က (၃) နှစ်မှာ တစ်ကြိမ်ပွင့်တာတဲ့ ။ .....အို ဟုတ်လား.......(၃)နှစ်မှ တစ်ကြိမ် ...... သားက ပန်းပွင့်လေးတွေကို နောက်တစ်ခေါက် အကြာကြီး စိုက်ကြည့်နေမိတယ် ။ကောင်လေး နေကောင်းသွားခဲ့ပါပြီ ။ နေကောင်းပြီးနောက်တစ်နေ့မှာပဲ ကောင်လေးက ပန်းပင်ကလေးရှိရာဆီကို ထွက်လာခဲ့တယ်။





1 comments:

လွမ်းဧကရီ said...

၃-ကိုဖတ်ပြီးမှ ၁ နဲ့  ၂ ကို ပြန်ဖတ်တာ...

Post a Comment