ရွာငယ်လေး …တေး ငယ်ငယ်



မင်း… သိလား

အဲဒီ ....ချိနဲ့နဲ့ ရွာငယ်လေးပေါ့ ။

ကျောက်သင်ပုန်းနှစ်ချပ်ရဲ့မျက်နှာစာမှာ

ဘဝဆိုတာကို အဖြေထုတ်

တင်းတင်းဆုပ်ထားတဲ့

သူ့လက်ဖဝါးနုနုထဲက ဘောပင်လေး

ပစ္စုပန်ကို (အမိုးအကာမလုံတဲ့)

မြေစိုက်တဲလေးထဲက ပုံဖော်

အနာဂတ်ကို လှော်ခပ်မလို့တဲ့ ။



မင်း… သိလား

အဲဒီ...ချိနဲ့နေတဲ့ ရွာငယ်ငယ်လေးပေါ့ ။

ယုံကြည်ချက်အပြည့်နဲ့ ဖြန့်ချ

ဟောင်းနွမ်းလှတဲ့ သင်ဘုန်းကြီးဖတ်စာအုပ်လေးမှာ

ဘဝဆိုတာကို ကြိုးစားစာလုံးပေါင်း

သူ

အရာရာကို ကုန်းကြောင်းချီတက်မလို့တဲ့ ။



မင်း… သိလား

အဲဒီ ....ချိနဲ့နဲ့ ရွာငယ်လေးပေါ့ ။

ကြမ္မာဘယ်လောက်ရိုင်းရိုင်း

တံတိုင်းဘယ်လောက်ကာကာ

ဆာလာအိတ် ခါးစီးထားရပါစေ

သူ့သားသမီးတွေအတွက် အိပ်မက်

ပညာတတ်ကြီး ဖြစ်ကိုဖြစ်ရမယ်တဲ့လေ ။



မင်း… သိလား

အဲဒီ ....ချိနဲ့နေတဲ့ ရွာငယ်ငယ်လေး

ကမ္ဘာနဲ့ ဝေးနေသေးသတဲ့

သူ...ကြုံးရုန်းရှေ့ဆက်

မနက်ဖြန်အတွက် အားယူ

ဆွဲကူမဲ့ တွဲလက်တွေ လိုအပ်နေတာ ။



မင်း… သိလား

အဲဒီ တစ်ချောင်းထိုး ဝါးတံတားမှာ

ကျောင်းသွားနေရတဲ့ ရွာငယ်လေး...

ဲမြို့ပြနဲ့ဝေးနေသေးသတဲ့….



စလုံးနဲ့ရန်ကုန်

နေ့ချင်းပြန်ကျောင်းတက်

မင်း ကလေးရဲ့တစ်ရက်စရိတ်လောက်

(ပြည်သူရဲ့ဘဏ္ဏာမပါပဲ) မင်းအသွေးအသားထဲက

ဟောဒီဘက်မှာ တစ်ခါလောက်

“ကျ” မပျောက်ချင် နေပါ

ဖြူစင်သောနှလုံးသားများကိုဆွဲဆုတ်

မင်း ထုတ်မယ့်ပုဒ်မမှာ

(အဲ့ဒီ ရွာငယ်ငယ်လေးအတွက်)

မုဒိတာပါရင် တော်ပါပြီ ။


ညီရဲ
(ငါးသုံး ပရဟိတ)

0 comments:

Post a Comment