ပန်းကလေး

အပိုင်း (၃)

ထောင့်ချိုးလေးတစ်နေရာမှာပေါ့  ။ ပန်းပင်ကလေးမှာပန်းကလေးတွေ ပွင့်နေဆဲပဲ ။
ကောင်လေးက ပန်းပင်ကလေးကို သေသေချာချာကြည့်နေတုန်းသူ့ဘေးနားကို လူတစ်ယောက် ရောက်လာလို့ လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် ။ ကောင်လေးထက် အနည်းငယ်အသက်ကြီးပုံတော့ရမယ် ။ အမျိုးသမီးက ကောင်လေးကို ဘာလို့များ ပန်းပင်ကလေးကို ဒီလောက်တောင်ကြည့်နေရတာလဲ ။ ကျွန်တော် သဘောကျလို့ပါ ။ ပြီးတော့ ဒီပန်းပင်ကလေးမျိုး ကျွန်တော့်အိမ်မှာ စိုက်ချင်လို့ ။ ဟုတ်လား။ ဒီပန်းပင်မျိုးက ရှားတယ် ။ ဒီမြို့မှာ ဆိုရင် ဒီနေရာကလွဲလို့ မင်းဘယ်မှာမှ ရှာလို့ရမယ်မထင်ဘူး ။ ခင်ဗျားက ဒီပန်းပင်အကြောင်းသိလို့လား ။ ......အို သိပ်သိတာပေါ့ ။ ဒါတို့စိုက်ထားတဲ့ ပန်းပင်လေးလေ ။ အမ် -- ဟုတ်တယ် ။ ဒါဆို ခင်ဗျားကဒီပန်းပင်ပိုင်ရှင်ပေါ့ ။ အော် တို့စိုက်ထားတယ်ဆိုမှတော့ တို့က ပိုင်ရှင်ပဲပေါ့ ။ အင်း.... ကျွန်တော်လည်း အိမ်မှာစိုက်ချင်လို့ ကျွန်တော့်ကို မျိုးစေ့လေးပါလေးရောင်းပါလားဗျာ ။ သူက မျိုးစေ့နဲ့စိုက်တာမျိုး မဟုတ်ဘူး ။ ကိုင်းကူးပြီး စိုက်ရတာ ။ ဒါမျိုးပန်းတွေတို့ဆီမှာအများကြီးရှိသေးတယ် ။ မင်းတကယ် စိတ်ဝင်စားတယ်ဆိုရင်တော့ စိုက်ပြီးသားအပင်ပေးပါ့မယ် ။ ဒါနဲ့ မင်းက ဟိုတစ်နေ့က အိမ်မှာ ပန်းပွင့်လေး လာတောင်းသွားတဲ့ အန်တီတစ်ယောက်ရဲ့သားထင်ရဲ့။ ဟုတ်တယ် ။ မေမေ့ကို သိလား။ မသိပါဘူး ။ အဘွားပြောလို့ သိရတာ ။ မတွေ့တောင် မတွေ့ဘူးလိုက်ဘူး ။ ကဲ မင်းလိုချင်ရင် ခြံထဲမှာ လိုက်ယူလေ ။ ပြောပြောဆိုဆိုနဲ့ အမျိုးသမီးက ရှေ့ကဦးဆောင်ပြီင်္း ခြံထဲကိုဝင်သွားခဲ့တယ် ။ ကောင်လေးလည်း သူ့နောက်က လိုက်သွားတာပေါ့ ။

အဘွားရေဧည့်သည်ပါလို့ ။ အိမ်ထဲကို လှမ်းအော်လိုက်တော့ အိမ်ထဲက အဘွားအိုတစ်ယောက် 
 ထွက်လာပြီး ဧည့်သည်ဆိုလည်း ထိုင်ခိုင်းအုံးလေသမီး ။ သူက ဟိုတစ်နေ့ ကလာသွားတဲ့ အန်တီရဲ့ သားတဲ့ ။ ပန်းပင်လိုချင်တယ်ဆိုလို့သူ့ကိုပေးမလို့ ။ အော်..........အေးအေး။ သား နေကောင်းသွားပြီလား ။ ဟုတ်ကဲ့အဘွား ။ ပန်းပွင့်လေးတွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် အဘွား ။ အဘွားကို ကျေးဇူးတင်စရာ မလိုပါဘူးကွယ် ကျေးဇူးတင်ရမှာက မင်းအမကို ။ အဲဒါသူ့ခွင့်ပြုချက်နဲ့ ပေးလိုက်တာလေ ။ ကောင်လေးက အမျိုးသမီးဘက်ကိုလှည့်ကြည့်ပြီး မျက်လုံးနဲ့ ကျေးဇူးတင်စကားပြောဖြစ်ပါတယ်။ အဘွား သူ့ကိုခြံနောက်ဘက်ကပန်းခြံကို လိုက်ပြလိုက်အုံးမယ် ။ အိမ်ကလေးကို ပတ်ပြီး ကောင်လေးကို ခေါ်သွားခဲ့တယ် ။
အို လှလိုက်တဲ့ ပန်းခြံလေးပါလား ။ပန်းတွေကလည်း စုံလို့ ။ တစ်ချို့က မြေကြီးပေါ်မှာ ။
တစ်ချို့က ပန်းအိုးထဲမှာ။ တစ်ချို့က ပန်းစင်ပေါ်မှာ ။ရောင်စုံပန်းတွေနဲ့ အမျိုးကွဲပန်းပင်တွေ အများကြီးပဲ ။ ခင်ဗျားက ပန်းစိုက်တာဝါသနာပါတယ်နော် ။ခင်ဗျားလို့မပြောရဘူးလေ။ မင်းထက်တို့ကအသက်ကြီးတယ် ။ အို ဆောရီး ။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် မိတ်မဆက်ဖြစ်ကြသေးဘူးနော် ။ ကျွန်တော့နာမည် လင်းဝေ လို့ခေါ်ပါတယ် ။ တို့နာမည်က ၀တ်ရည်ချမ်းမြေ့ ။ ကျွန်တော် မမ၀တ်ရည်လို့ ခေါ်လို့ရမလား ။ မင်းကိုလည်း လင်းဝေ လို့ပဲခေါ်မယ်လေ ။ နှစ်ယောက်သား ရီစရာမဟုတ်ပဲ ပြိုင်တူရီလိုက်ကြတယ် ။ မမ၀တ်ရည်က ဒီပန်းတွေကိုတစ်ယောက်တည်းစိုက်တာလား။ ဒါပေါ့လင်းဝေရဲ့။ တစ်ချိန်တည်း အကုန်လုံးကို စိုက်တာတော့ဘယ်ဟုတ်မလဲ ။တစ်နေ့နည်းနည်းနဲ့ စိုက်လာလိုက်တာလေ ။ လင်းဝေနဲ့ မမ၀တ်ရည်တို့ ပန်းခြံလေးထဲလိုက်ကြည့်ကြရင် တစ်နေရာရောက်တော့ ဟာ ပန်းပင်လေး ။ အများကြီးပဲနော်။ ဟုတ်တယ်။ ဒီပန်းပင်လေးက ရှားပါးမိုလို့ မမ အများကြီးစိုက်ထားတာ ။သူက (၃) နှစ်မှ တစ်ကြိမ်ပွင့်တာလေ ။ တစ်ခါပွင့်တိုင်း အရောင်ပြောင်းသွားတယ်။ မမဒီပန်းကို ဘယ်က ရတာလဲဟင် ။ မမကျောင်းတက်တုန်းကပေါ့ ဒီပန်းနဲ့ ပတ်သက်ပြီး စာတမ်းရေးပြီးမှ မာစတာဘွဲ့ယူခဲ့တာလေ ။ ကျောင်းကယူခဲ့တာ ။ ဒါနဲ့မင်းကရောကျောင်းပြီးသွားပြီလား ။
ဟုတ်ကဲ့ကျွန်တော်သင်္ချာနဲ့ကျောင်းပြီးသွားပါပြီ ။ သြော် ။ ကဲ မင်းဒီပန်းပင်တွေထဲက
 ကြိုက်တဲ့ ပန်းပင်တစ်ပင်ရွေး     ။        မမမင်းကို လက်ဆောင်ပေးလိုက်မယ် ။ ကျေးဇူးအရမ်းတင်ပါတယ်
မမ၀တ်ရည် ။ အို ကျေးဇူးတင်ဖို့မလိုပါဘူး မင်းတကယ်နှစ်သက်တဲ့အရာကို ပေးရတာ မမ၀မ်းသာပါတယ် ။ ဒီအပင်လေးယူမယ်နော် ။ ကောင်လေးက ကလေးငယ်တစ်ယောက်လို မြူးတူးရင်း ပန်းပင်လေးကို ယူလိုက်တယ် ။ မမကို ကျွန်တော် ပန်းပင်လေး အတွက် လက်ဆောင်တစ်ခုပြန်ပေးချင်တယ် ။ တို့လက်ဆောင်ပြန်မလိုချင်ပါဘူး ။ မလုပ်ပါနဲ့။ မဟုတ်ဘူး မမရဲ့ မမမြတ်နိုးတဲ့ပန်းပင်ကလေးကို ကျွန်တော့်ကိုပေးသလို ကျွန်တော်မြတ်နိုးတဲ့ အရာတစ်ခုကိုလည်းမမကိုပေးချင်လို့ပါ။ မနက်ဖြန်ကျွန်တော် ယူလာခဲ့မယ်နော် ။ မမက ရယ်မောလိုက်ရင်း ။ ကဲ တို့လည်း ခဏနေရင် စာသင်စရာရှိသေးတယ် ။ မင်းဒီပန်းပင်ကလေးကို သေသေချာချာဂရုစိုက်နော် ။ နောက်ပြီး မလိုအပ်ပဲ သူများကို မပေးရဘူး ။ ပန်းတွေပွင့်လာတဲ့အခါကျရင်လည်း ရောင်းတာမျိုးမလုပ်ရဘူး။ ဖြစ်နိုင်ရင် ပန်းပင်ကလေးပေါ်မှာ ပွင့်နေတာမျိုးထားရင် ပိုကောင်းမယ် ။ ရေပုံမှန်လောင်းပြီး ဂရုစိုက်ရမယ် ။ နေသိပ်ပူတဲ့နေရာမျိုးမှာ မထားရဘူး။ နေရောင်ခြည်မရတဲ့နေရာမျိုးလည်း မဖြစ်စေရဘူး ။ စိတ်ချပါ မမ၀တ်ရည် ။ ကျွန်တော် ဂရုစိုက်ပါ့မယ်။
 ကောင်လေးနဲ့ မမ၀တ်ရည်တို့ ခြံထဲကပြန်ထွက်လာကြတယ် ။ အဘွားရေ ကျွန်တော်ပြန်လိုက်အုံးမယ် ။  အေးအေး သား ။ ကောင်လေးအိမ်ပြန်ရောက်တော့ အရမ်းကိုပျော်မြူးနေခဲ့တယ်။ သူ့ခြံထဲမှာ ပန်းပင်လေးအတွက်နေရာကို ရှာဖွေမဆုံးဖြစ်နေတယ် ။ နောက်ဆုံး ပန်းပင်လေးအတွက် ထားဖို့ အကောင်းဆုံးနေရာကို ရရှိခဲ့ပါတယ်။





××××××××××××××××






နောက်တစ်နေ့မနက်မှ လင်းဝေတစ်ယောက် မမ၀တ်ရည်အိမ်ရှိရာကို လက်ဆောင်ထုပ်တစ်ခု
ပိုက်ပြီး ထွက်လာခဲ့ပါတယ်။အိမ်ရှေ့ရောက်တော့ လှမ်းခေါ်ဖို့မလိုပဲ မမ၀တ်ရည်ကို ခြံဝန်းထဲမှာ စာထိုင်ဖတ်နေတာကို တွေ့ရပါတယ် ။ ဟယ် လင်းဝေ စောစောစီးစီး ။ ဟုတ်တယ်မမ၀တ်ရည် ကျွန်တော် မမကို လက်ဆောင်ပေးချင်လို့။ အို လင်းဝေရယ် မလိုပါဘူးဆိုနေမှ ။ မမ၀တ်ရည် မငြင်းရဘူးနော။ ကဲဒီမှာမမ၀တ်ရည်အတွက် ကျွန်တော့်ရဲ့လက်ဆောင်။ ဘာများပါလည်း တစ်ခါတည်း ကြည့်လို့ရမလား။သိပ်ရတာပေါ့။ ကိုယ်ပေးတဲ့လက်ဆောင်ကို ဘာမှန်းမသိပဲ ဖွင့်ကြည့်လိုက်လို့ ဖြစ်ပေါ်လာတဲ့ ခံစားမှုကို ထိုင်ကြည့်ရတာ ကျွန်တော် သိပ်သဘောကျတယ် ။
အိုး ........
အသက်ဝင်လိုက်တာ။ တော်လိုက်တာကွာ။ မမက ပန်းချီကားချပ်ကို ကြည့်ရင်း အံ့သြစွာ ပြောလိုက်တယ်။ ကျွန်တော်ဒီပန်းပင်ကလေးကို တွေ့ကတည်းက စိတ်ထဲမှာ စွဲလမ်းသွားမိတယ်။ နေ့တိုင်းလိုလိုလည်းလာကြည့်ဖြစ်တယ်။ ကျွန်တော့် အမြင်အာရုံမှာ ဒီပန်းပင်ကလေးက အမြဲလွှမ်းမိုးနေလို့ပန်းချီချရေးမိတာပါမမ ။ အဲဒီတုန်းက ဒီပန်းပင်ကလေးရဲ့ ပန်းပွင့်ဟာ ဘယ်လိုဟာမျိုးလည်းဆိုတာတော့ မစဉ်းစားတဲ့ခဲ့ဘူး ။ စိတ်ကူးနဲ့ ပန်းပွင့်ပေးလိုက်ဖို့ကိုလည်း မလုပ်ရက်ပြန်ဘူး ။ တော်သေးတာပေါ့ ပန်းကလေးပွင့်လာလို့ ။ ဒါနဲ့ ဘာဖြစ်လို့ပန်းပွင့်လေးတွေ ထည့်မဆွဲရတာလည်း။မဆွဲချင်တော့ဘူးမမရယ် ပန်းပွင့်လေးတွေက (၃)နှစ်တစ်ကြိမ်ပြောင်းတာ ဆိုတော့ခုထည့်ဆွဲလိုက်တဲ့ပန်းကလေးဟာ ဒီပန်းပင်ကလေးအတွက် အဓိပ်ပယ်မရှိတော့သလိုပဲ ဖြစ်သွားမှာပေါ့ ။ ကျေးဇူးတင်လိုက်တာ ငါ့မောင်ရယ် ။မမက ဒီပန်းပင်ကလေးနဲ့ပတ်သတ်ပြီး ဘွဲ့ယူခဲ့တာဆိုတော့ ဒီပန်းချီကားလေးကို မမရဲ့ စာကြည့်ခန်းမှာ ချိတ်ထားမယ် ။



အပိုင်း (၄) မျှော်

3 comments:

Unknown said...

ဆက်ရန်တဲ့လား?
ဒါနဲ့စကားမစပ် စာရေးသူက ကဗျာဆရာ အဆိုတော် အလင်းနစ်လား?

Unknown said...

နှစ်သစ်မှာပျော်ရွှင်ပါစေ

Unknown said...

စာရေးသူပဲလား
ဆောရီးနော်
အဆိုတော်အလင်းနစ် အောင်းမေ့လို့
စာတွေကြိုက်တယ်

Post a Comment